ဟလို....
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ကျနော်မောင်မျိုး ချောင်တိုးရာမှ ပြန်လာပါပြီခင်ဗျာ ။ ပါစင်နယ်ကိစ္စလေးတွေ နည်းနည်း ရှုပ်သွားတာနဲ့ ဘလော့လေးကို ပစ်ထားတာလည်းတော်တော်ကြာသွားတယ် တစ်ပါတ်ကျော်ကျော်စာရေးစပြတ်သွားတော့ လက်ကမသွက်တော့ဘူး ဘာရေးလို့ ရေးရမှန်းမသိ။ လူစည်လှပါတယ်ဆိုတဲ့ ကျနော့်ရဲ့ အိမ်လေးလည်း သူရဲခြောက်မှာတောင်ကြောက်ရတယ်း) သနားစရာလေး သခင်မရှိတဲ့ ဘလော့လေးက အဖ ပျောက်တဲ့ သားလိုပါပဲလား တစ်ငိုငို နဲ့  အခုတော့ အဖေပြန်လာပြီးသား( ဘလော့)လေးရေ့ မငိုနဲ့ တော့ သွပ်သွပ် ။
ပြည်တော်ခဏ ပြန်သွားတာ အလွဲပေါင်း တစ်သောင်း ခုနှစ်ထောင် ၊ စိတ်ပျက်စရာတွေကော ပျော်စရာတွေကော ရေးစရာတွေ များလွန်းလို့  memory card ထဲ သေချာသိမ်းထားတာ အခု virus ၀င်သွားလို့  စာပြန်စီလိုက်အုံးမယ် အိမ်ရှင်မရှိပေမယ့် လာရောက်လည်ပတ်ကြတဲ့ မိတ်ဟောင်း မိတ်သစ်များ အားလုံး ကျေးဇူးးး ။ မကြာခင် ဌာနေပြန်အတင်းများ ( သတင်းမဟုတ်ပါ သတင်းဖြစ်ရာ တစ်ခုမှမတွေ့ ပဲ အတင်းဖြစ်စရာများသာ ကြုံခဲ့ရပါသဖြင့် အတင်းသာတုတ်ပါမည်ခင်ဗျာ)၊ ဘလော့ဂါ အရှင်လတ်လတ်ကြီး ( ၂) ကောင်နဲ့  တွေ့ ခဲ့ခြင်းများများကိုလည်း ရေးပါအုံးမယ် ( ငမုတ်နဲ့  ငပေ ) ဘုရားသာတထားကြပေတော့ ငါ့ကိုပစ်ထားတဲ့ ကောင်တွေ :) ။ အခုတော့ စာကြွေးတွေပဲ လိုက်ဖတ်အုံးမယ် ပျင်းလက်စနဲ့  ခဏပျင်းအုံးမှ.................. အားလုံး ပျော်ရွှင်ကြပါစေ ။
Friday, July 25, 2008
ကျနော့်ရဲ့ ဘလော့လေး
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 4:09 PM 1 comments Links to this post
Labels: ကျနော့်အကြောင်း
Monday, July 14, 2008
သို့ ...ငမုတ်သုန်
သူငယ်ချင်း မင်းဘာတွေဖြစ်နေလဲ ဘာတွေ ဖြစ်လာအုံးမလဲ ငါလည်းမသိ ရူးကြောင်ကြောင်အတွေးတွေနဲ့  ပေါက်ကရတွေ လုပ်မလုပ်စမ်းပါနဲ့  မုန်တိုင်းပြီးရင် လေပြည်လာလိမ့်မယ်..... ပျော်တစ်လှည့် စိတ်ညစ်တစ်လှည့်ဆိုတာ လူ့  သဘာဝ ငါတို့ က လူတွေထဲက လူတွေပဲ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေထဲမှာ အဆင်မပြေမှုဆိုတာ ငါတို့ ဆီကို မခေါ်ပါပဲ လာတဲ့ ဧည့်သည် ။ပေါက်နေတာလား ပလာစတာ ကပ်လိုက် ညစ်နေတာလား ဖူဂျီဆပ်ပြာမှုန့် နဲ့  လျှော်ပစ်လိုက်စမ်းပါ သူငယ်ချင်းရာ ။
မိချောင်းမင်းရေခင်း မပြချင်သလို ဘုန်ကြီးသူရဲ မင်းကို ငါစာချလို့ မရဘူးဆိုတာ သိနေတယ် ။မျက်မှန်က ပါဝါတွေ ကျနေလို့ လား သောက်နေကြ ဆေးကော မှန်မှန်သောက်ရဲ့လားဟ ခဏရွာထိပ်က ဦးသာဂိ လို့ ရူးသွားမှဖြစ် မိန်းမ မရတော့ပဲနေအုံးမယ် ;) ဒါပေမယ့် မပူပါနဲ့ ကွာ ငါ့ကြီးတော် အပျိုကြီး မင်းကို ပါဆယ်ထုပ်ပြီး အမြန်ချောပို့ ပေးပါ့မယ်။ ရှုပ်နေတာတွေ ရှင်းထား ရှင်းနေတာတွေ မရှုပ်ထားနဲ့  ပြောစကားနားမထောင်လို့ ကတော့ တွေ့ ရင် မင်းခေါင်းကို ၀ါးရင်းပိုင်းနဲ့ ၁၆ စိပ်ဖြစ်အောင် ခွဲပစ်မယ် ကြောက်တယ်ဟုတ် မကြောက်လည်း ကြောက် ၊ ကြောက်လည်းကြောက် ။
လဲကျတိုင်း ပြန်ထဖို့  အားပေးခဲ့သလို အစ်ကိုလိုကော သူငယ်ချင်းလို ပါ အားပေးခဲ့တာတွေ အခုတော့ မင်းကိုယ်တိုင်အတွက် ဆေးမရှိတော့တာလား အနာရှိဆေးရှိပါတယ် ။ ငါတို့ ရဲ သရဲနီမန်နေဂျာကြီး ဖာဂူဆန်တောင် ဖလားမရလို့  ခဏပဲစိတ်ပျက်တယ် နောက်နေ့ ရက်တွေမှာ အားမန်အသစ်နဲ့ သူ့ ရဲ့ တပ်သားတွေကို မောင်းနှင်သေးတာပဲ ငါတို့ က တစ်ဦးတစ်ယောက်တည်း မောင်းနှင်ဖို့  သိပ်မခက်ပါဘူး ဆီလိုရင် ဆီဖြည့် ငွေလိုရင် ခဏချေး နောက်တော့ ပြန်ဆပ်ပေါ့ ;P ပေါက်မနေနဲ့  နောက်မနေနဲ့  အီဖေကို နဲ့  တွေ့ ရင် အဆင်ပြေသွားလိမ့်မယ် အထူးမှာကြားမယ် သေချာလိုက်မှတ်ထား ကုန်ရန် မြို့ကြီးကို ငကြောင်စုတ် အလည်တစ်ခေါက် လာရောက် သောင်းကျန်းမည်ဖြစ်တဲ့ အတွက် ကုန်ဖို့ သာပြင်ထားပေးတော့ ငမုတ်သုန်ရေ့ ဟားဟား ငါလည်း မခေါ်ပဲ လာမည့် ဧည့်သည်ပေါ့ များများတော့ ဒုက္ခမပေးပါဘူး ဘီယာတစ်ဝိုင်းဆိုတော်ပြီးးးးးးးးးးးး။
ညစ်နေသော သူငယ်ချင်း ငမုတ်သုန် အတွက် အားဆေးတစ်ခွက်ဖြစ်ရင် ကျေနပ်ပါပြီး သူငယ်ချင်းအဆင်ပြေပါစေ ။
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 3:50 PM 9 comments Links to this post
Labels: အမှတ်တရ
Saturday, July 12, 2008
အမှတ်တရတဲ့ .....

blog ရေးတဲ့ အကို ၁ ယောက်
အရမ်းခင်လို့ ဝေးမှာကြောက်
သူပြန်တော့မယ် သိတာကြောင့်
ငါ့မျက်ရည်တွေ တတောက်တောက်...။
ကျိုက်ထိုသားလေး ကိုမျိုး ၁ ယောက်
ငါ့ကို ခွဲလို့ ဘယ်တွေရောက်... ဒေါက်...ဒေါက်..။
ရွှေဝါဆိုတဲ့ကြောင်ကလေး သူက၀ယ်လို့မွေး
အခုကျတော့ သူအိမ်ပြန်
ကြောင်လေးရွှေဝါ လွမ်းလို့ကျန်
ငြင်းဆန်မရတဲ့ လောကဓံတရား
ချစ်တဲ့သူတွေကို ခွဲလို့ထား..............။
မှတ်ချက်။ ။ ညီလေး မိုးလေပြေ ရဲ့ ခလေးဆန်ဆန် ကဗျာလေး ဟားဟား ကျေးဇူးပါဗျာ ။
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 1:30 PM 8 comments Links to this post
Labels: အမှတ်တရ
Sunday, July 6, 2008
ခဏ
ဟလို.........
အားလုံးမင်္ဂလာပါ ကျနော် ဘလော့ရေးတာ နားထားပါအုံးမယ် မိန်းမရတဲ့တစ်နေ့  ပြန်လာမယ် အယ်...လွဲပြန်ပြီး ဟားဟား မိုးကြိုးတွေပစ်ကုန်အုံးမယ် ဇတ်မင်းသားဘ၀ ဆိုတော့ မဆုံးနိုင်တဲ့ ပြဇတ်တွေကို ကလိုက်အုံးမယ်လို့ ပြောတာ။ တစ်နေ့ ပေါ့ အဆင်ပြေတဲ့တစ်နေ့  :)
သူငယ်ချင်းများ အားလုံးကို ခင်မင်စွာဖြင့်
(မောင်မျိုး)
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 9:12 PM 24 comments Links to this post
Labels: ကျနော့်အကြောင်း
Friday, July 4, 2008
စိတ်ညစ်နေလားး
၂၀၀၈ ခုနှစ်အတွက် America’s got Talent အစီအစဉ်လေးကို အစ်ကိုစေးထူး ဆီမှာ သွားကြည့်နေရင်းနဲ့  ဒီတစ်ယောက် ပြိုင်ပွဲဝင်တာလေး ကြိုက်လည်းကြိုက်တယ် ရယ်လည်းရယ်နေရလို့  တင်ပေးလိုက်တာပါ ။
ဒါလေးကတော့ ကြည့်နေရင်းနဲ့  ဘုရားတနေရသလိုပဲ ;)
မှတ်ချက်။ ။ ကြွက်ခုတ်လိုက်တာပါ :D စိတ်ညစ်နေသူများ ခဏလေး ဖြစ်ဖြစ် ပြုံးပျော်နိုင်ကြပါစေ ။
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 10:40 PM 11 comments Links to this post
Labels: အမှတ်တရ
Wednesday, July 2, 2008
တစ်ခန်းရပ်ပြဇတ်( ၃)
စုတ်ပြတ်သတ်နေတဲ့ပြဇတ်တွေ တစ်ခါခါ ငါဟော့ဒီ လူ့ ဘ၀ ဇတ်ခုံကြီးကနေ အဆိပ်ကို သကြားနည်းနည်းရောသောက်ပြီး ခဏလောက်ဖြစ်ဖြစ်သေချင်စိတ်ပေါက်တယ် ။ မတရားတဲ့ ကမ္ဘာဆိုတာ သီချင်းထဲမှာပဲ ရှိနေသင့်တယ်လို့  တစ်ယူသန်းအတွေးနဲ့  လက်မခံခဲ့တာ အခုများတော့ အထင်နဲ့  အမြင်တစ်ခြားစီပါလား။“ဘ၀” က ဘ လို့  ၀ တာ မဘ ရင် နင် ၀ မှာမဟုတ်ဘူးးး ငတ်မှာ သေချာတယ် အငတ်မခံနိုင်တော့ နှစ်ပြားတစ်ချပ်စာငွေနောက်လိုက်ခဲ့မိတာ အားလုံးနဲ့  အဝေး အရက်သောက်လို့  မသောက်ပါနဲ့  သားရယ် ဆိုပြီး ဆုံးမ စကားပြောမယ့် မိဘ လည်းမရှိဘူး ခွက်ပုံးခုတ်တာ မိသွားလို့  ထိပ်ခေါက်မယ့် အစ်မလည်းမရှိဘူး ဆိုးတူးကောင်းဖက် အနစ်နာခံပေါင်းမယ့် သူငယ်ချင်းလည်းမရှိဘူးး ငြီးချင်းတွေ ရေးနေရင်တော့ စာမျက်နှာပေါင်းတစ်သောင်းနှစ်ထောင်ပြည့်သွားမယ်။
စိတ်ညစ်တာတွေရင်ဖွင့်မိတော့ ဟိုကောင်မလေးက စိတ်ကလည်းပျော့လိုက်တာတဲ့ နာရင်းကို လေးငါးချက်လောက် တီးပစ်လိုက်ချင်တယ် ( တကယ်မဟုတ်ဘူး :P) လူ့ လောက ဆိုတာ ရုန်းလိုက် ကန်လိုက် ဆိုပါလား ငါကန်လိုက်တဲ့ ကန်ချက်တွေကတော့ သံချွှန်တွေကြီးပဲ ဆူးလိုက်တာလည်း လွန်ရောပေါ့ဗျာ သွေးစိမ်းတွေပါကျနိုင်တယ် ။ “ အငယ်ကောင် ...အမေ နေမကောင်းလို့  ခဏပြန်ဆင်းလာ”တဲ့ စိတ်တွေလည်းပူတယ် ရွာမှာ နွားမကျောင်းနိုင် ဆိုက္ကားမနင်းနိုင်လို့ သာ နိုင်ငံဂျားဆိုတာကြီးကို လမ်းစရိတ် ၆၅၀၀ နဲ့  လှေစီးပြီးရောက်လာခဲ့တာ လောဘလည်းမကြီးဘူး ဒေါသလည်းမရှိဘူး
မရှိတာလည်း မရှိဘူး ရှိတာဆိုလို့ လည်းဘာဆိုဘာမှမရှိဘူးး ။ တစ်ခုပဲ ငါပြန်ရင် ငါ့ကမ္ဘာငယ်လေးကို အရှင်လတ်လတ်ခွဲခဲ့ရတော့မှာ ဒါတစ်ခုပဲ ၀မ်းနည်းတာရှိတယ် ။
ဘယ်လိုက ဘယ်လို မန်နေဂျာဖြစ်နေလဲမသိတဲ့ ၀က်မကို မပြောချင်ပဲပြောရအုံးမယ် ဒီမျက်နှာကို ကြောင်ပြုံးလည်း ပြုံးတယ် ကြွက်ပြုံးလည်းပြုံးပြီး “ အိမ်ခဏပြန်ဆင်းမလို့  သူဌေးကိုပြောပေးပါအုံး ” ကိုယ့်စကားတောင်မဆုံးသေး မရဘူးဆိုတဲ့ စကားက အော်တိုကို မတ်တစ်ပြီး ရှလွတ်ခနဲ ထွက်လာတယ် စိတ်ကောင်းမရှိတဲ့ စုန်းမ ဒါကြောင့်နင့်ကို ဘယ်သူမှမကြိုက်တာ နောင်ဘ၀ ဒီထပ်ရုပ်ဆိုးအုံးမယ်.............အားးးးးးးးးးးး စိတ်ညစ်လိုက်တာ ဘာလုပ်ရမလဲလည်းမသိဘူး ဘာလုပ်သင့်သလဲဆိုတာကိုတော့ တွေးဖို့  နေနေသာသာ ဦးနှောက်က down နေတယ် ။ တော်ပါပြီး ညတာရှည်အိပ်မက်များတယ် မစဉ်းစားချင်တော့ဘူး အခုကစပြီး ဖြစ်သင့်တာဆိုတဲ့ စကားလုံးသားကောင်ကို လည်ပင်းတက်နင်ပြီး ဆက်လျှောက်တော့မယ်။
မနေ့ က မှန်ကြည့် ခေါင်းဖြီးနေရင်းနဲ့  စဉ်းစားများလို့ ထင်တယ် ဆံပင်ဖြူ ၃ ချောင်းတွေ့ တယ် အတိတ်ပေးနေတာလား နမိတ်ပေးနေတာလားမသိဘူး ကဲ..........ပြောကြစမ်းပါအုံး ဒီတစ်ပါတ် ဘာတစ်လုံးကောင်းလည်း ထီထိုးမလို့  ၃ တစ်လုံးကတော့ ဘိုင်သေပဲ ..အောထည့်လိုက်တော့မယ် ဟိုက်စလောင်း ပေါက်စေ ပေါက်စေ ပေါက်စေ :)
ဝန်ခံချက် ။ ။ ရူးနေတုန်းရေးလိုက်တဲ့ စာကိုသည်းခံဖတ်သွားပေးကြတာကျေးဇူး ။
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 2:22 PM 19 comments Links to this post
Labels: ရင်တွင်းဖြစ်များ
Monday, June 30, 2008
“မသိဘူး”
ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
ဆုမတောင်းခဲ့“ဘူး”
ရယ်စရာတွေရေး ပျော်စရာတွေပေး ပေမယ့်
ငါ ကြေကွဲတာ
ဘယ်သူမှမသိစေရ“ဘူး”
လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
Good Bye လို့  ငါမပြော“ဘူး”
သိနေတာတွေကို မသိချင်“ဘူး”
မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
ဘာတွေဖြစ်လာအုံးမလဲ???
မသိ“ဘူး”
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 12:29 PM 23 comments Links to this post
Labels: ကဗျာလိုလို/စာလိုလို
Thursday, June 26, 2008
သိုင်းလောကသို့  အလည်တစ်ခေါက်
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပြီး သိုင်းလောကသားတော်တော်များများ အပြိုင်အဆိုင် မိမိရဲ့ ပညာစွမ်းများနဲ့  ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြတာကို ပိရိသတ်များ သိရှိကြပြီထင်ပါတယ် သို့ ဖြစ်ပါသောကြောင့် ဟော့ဒီ “ ယပက်လက်” နယ်မြေ သောင်ရင်းမြစ်ကမ်းနာဖူးက အမွှေးတိုင် (၃)တိုင်ထွန်းပြီး သွေးသောက် ညီအစ်ကိုဖွဲ့ ထားကြသော နောင်တော်ကျန်ကျန် ညီတော်ကြောင်ကြောင် တို့ လည်း ၀င်ရောက် ယှဉ်ပြိုင်ကြရာ တစ်နယ်စီဝေးနေကြသဖြင့် G.Talk ကျောက်တောင်မှာ ဆုံဖြစ်ကြပါတယ် ။ နောင်တော်မှာ အပျင်းထူသိုင်းပညာကျင့်နေပါသဖြင့် ၀င်မပြိုင်လိုသောကြောင့် ညီတော်ကြောင်ကြောင် အား မိမိ အနှစ်နှစ်အလလ ဂူပိတ်ကျင့်ကြံထားသော လူပျိုကြီး၏ လျှို့ ဝှက်သိုင်းပညာများကို Direct Speed ဖြင့်သင်ကြား ပို့ ချပေးပြီး သောင်ရင်းနယ်စားရာထူး အား လွှဲပေးခဲ့ပါတယ် ထို့ ကြောင့် ညီတော်ကြောင်ကြောင်မှ နယ်စား ( နယ်ပြီးတော့ပဲ စားတယ် ဒီတိုင်းစားရင် ဗိုက်နာလို့  ) ရာထူးဖြင့် သိုင်းလောကသို့  ရှေ့ထိုး နောက်ထိုးဖြင့် ၀င်ရောက်လာပါပြီးးးးးးးးးးးးးးးးးးးးးးး။
“အိုးးး”
ငါ၏ ချစ်လှစွာသော သိုင်းလောကသားတို့  အသင်တို့ ၏ အနောက်မှောက်သို့  ငါ၏ သိုင်းပညာများ နှီနှော်ဖလှယ်ရန် အလို့ ငှာ ၀င်ရောက်လာပြီဖြစ်ပါတယ် ဒါ့ကြောင့် ဒိုင်ချုပ်ဖြစ်တဲ့ ရှောင်လင်ကျောင်းတော်မှ နဖူးပြောင်ပြောင်နဲ့ ဆရာတော် မှ ပဲနို့ တိုက်ပါး)။ အမှန်စင်စစ် တော့ သိုင်းလောက ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ် ၀င်ရောက်မပြိုင်ချင်သော်ငြားလည်း ကြောင်သတင်း လေညှင်ဆောင်ဆိုသလို ယပက်လက်နယ်မြေမှာ အင်မတန် ဇောင်းထနေတဲ့ နယ်စားကြောင်ကြောင်ရဲ့ သတင်းက သိုင်းလောကမှာ တော်တော်ကြီးကို ပျံနှံနေပါတယ် ( ဟီးး ကိုယ့်ကိုယ်ကို စွတ်မြှောက်နေတာ အလကားရတိုင်း ) အရင်ဆုံး သိုင်ပြိုင်ပွဲသို့  ၀င်ရောက်ပါရန် စာလွှာပို့ ခဲ့သော ပန်းချီသိုင်းသမား ရိုဘော့မီမီ ၊ သူငယ်ချင်းအဖျားခေါက်ခေါက် ခွေးတုတ်သိုင်းပညာရှင် ဝေသာလီ ငမုတ်သုန် တို့ ကြောင့် အားနာ သွားကိုက်စွာနဲ့ ပဲ ပြိုင်ပွဲဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ် ။ထို့ ကြောင့် အခမ်းနားမူး ကိုဇီးကွက်မျက်ပြူး ထံသို့  သိုင်းပြိုင်ပွဲဝင်ရန် စာရင်းပေးပို့ ပြီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
စဉ်းစားကြည့်တော့ နယ်စားကြောင်ကြောင်ရဲ့ ရေမချိုးသိုင်းကွက်များ ၊ အ၀တ်မလျှော်သိုင်းကွက်၊ နှုတ်ခမ်းမွှေးမရိတ် သိုင်းကွက် များကို တော်ရုံ သိုင်းလောက သားများ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့် သိုင်းလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသွားမှာဆိုးလို့  မည်သူနှင့်မျှမပြိုင်ပဲ ( ပြိုင်ရင် နိုင်မှာမဟုတ်လို့  အရှုံးပေး သုံးလုံးအေး) မိမိ၏ သိုင်းပညာများကို သိုင်းလောကသားများသို့  ပြရုံသာပြမှာဖြစ်ပါတယ်ခင်ဗျာ..........။ယခုဆိုလျှင် သိုင်းပြိုင်ပွဲကျင်းပရာ ဘောလုံးကွင်းအတွင်းမှာ သိုင်းလောကသားများ ဧည့်ပိရိတ်သတ်များ ဆေးလိပ်ကွမ်းယာ ရောင်းကြသော သူများနှင့်တော်တော်ကြီး စည်းကားနေပြီးဖြစ်ပါတယ် ။ ပထဆုံး သိုင်းခေါင်းဆောင်များအား မုတ်ဆိတ်မွှေးသပ်ပြီး အပေါ့ပြု အဲ့လေး မှားတွားလို့ ဟီးး အလေးပြုပါတယ် ထို့် နောက်
“ခွမ်းး ခွမ်း” “ဒုတ် ဒုတ်”
ပစ်တယ် ခုတ်တယ် ပိုင်းတယ် ( ထင်း)
“ဖြောင်းဖြောင်းဖြောင်း” သိုင်းလောကသားများ မထင်မှတ်ထားသော နယ်စားကြောင်ကြောင်ရဲ့ အကွက်များ( ပွေးကွက်) မြင်တွေ့ လိုက်ရသဖြင့် အံ့သြထောပနာပြုကြပါတယ် ။သနားသောအားဖြင့် တစ်ကွက်းခြင်းပဲ ပြပါတော့မည်ခင်ဗျာ ။
ပဲနို့ တွေ သောက်ပြီးး အားတွေ အရမ်းတက်နေတဲ့ပုံပါ ဟားဟားး ပိရိသတ်များ လန့် သွားကြပြီထင်တယ် အခုမှတစ်ကွက်ပဲ ပြရပါသေးတယ်ခင်ဗျာ ( ဒီလောက် ဗလတွေ ညှစ်ထုတ်နေရတာကို ရုပ်က မချိုမချဉ်နဲ့  သတိထားကြ သူပြုံးနေသည် အကြွေးယူတော့မည် )
နယ်စားကြောင်ကြောင်ရဲ့ ဘယ်လက်သီး ၊ ညာလက်သီး အကွက်တွေပါ ( ပြုတ်စားလို့ ရတယ် အဲ့ဒီအသီးက )
နောက်ဆုံးတိုက်ကွက်လည်းပြ ကော ကြောင်ကြောင် ခြေခေါက်သွာပြီး ကယ်ကြပါအုံး အော်နေပါသော်လည်း မည်သူမှမကယ်ပါသဖြင့် ဆင်မြင့်ပေါ်မှ ပြုတ်ကျ ပြီး အရှေ့သွား တစ်ချောင်းလေမိသွားပါသဖြင့် သိုင်းလောကမှ ရာသက်ပန် အနားယူလိုက်ပါပြီခင်ဗျား) ( စောစော နှုတ်ထွက်ထားတာကောင်းတယ် ) ဒီပုံက ဘလော့တစ်ခုက ယူခဲ့တာပါပဲ ဒါပေမယ့်ဘယ်က ယူလာမိတာလဲ မမှတ်မိတော့လို့  ပိုင်ရှင်ပေါ်လျှင်အကြောင်းကြားပါခင်ဗျာ ဒဏ်ငွေဆောင်ပါ့မယ် ။
P>S= သိုင်းပြိုင်မှပဲ အနော့် ရုပ်လည်း ရစရာမရှိတော့ဘူးးးး ;)
စာရေးသူ>> မောင်မျိုး /ပို့ စ်တင်ချိန် >> 12:30 PM 25 comments Links to this post
Labels: အမှတ်တရ
